Main menu

ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးစိုးညီညီ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၀.၆.၂၀၂၅) ရက်နေ့ နံနက် (၉:၀၀) နာရီက ကျိုက်မရောမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချနေခြင်း ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင် ပလတ်စတစ်ဘူးများဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ၊ Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိလျှင် နောက်နောင်စစ်ဆေး တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်မည့် ပြစ်မှု ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA (မွန်)