
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ခံချက်မပါရှိသည့် ထိုင်းဘာသာဖြင့် ကုန်အမှတ် တံဆိပ်ဖော်ပြထားသော Sprite အချိုရည်ဘူးများအား ဈေးကွက်အတွင်း ရောင်းချခြင်းမရှိစေရန်နှင့် ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်နှင့်စတိုးဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချနေသည့် လုပ်ငန်းရှင်များအား ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အချိုရည် ဘူးများ ရောင်းချမှုမရှိစေရေး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင် Sprite အချိုရည်ဘူးများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိနှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)