Main menu

မုဒုံမြို့နယ်တွင် အလှကုန်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ၁၂.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ အလှကုန်ဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ရောင်းချနေသော Bella (နေလောင်ခံဂျယ်ခရင်)၊ Fair Lovely (နေ့စဉ်လိမ်းခရင်)၊ Bella (မျက်နှာသစ်ဆေး)၊ FIT Me (မိတ်ကပ်ရည်)၊ POP (အောက်ခံမိတ်ကပ်) စသည့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ၎င်းအလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထား သည်ကို စစ်ဆေးတွေ့ရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)