Main menu

မုဒုံမြို့နယ်၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များတွင် ဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၁၂.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ မြို့မဈေးနှင့်မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင် မရှိသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ မုဒုံမြို့နယ်၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ ရောင်းချခြင်း မတွေ့ရှိကြောင်းနှင့် ဆိုင်ရှင်အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)