
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နေ့လယ်(၁၃း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံရာတွင် တိုင်းဦးစီးမှူးမှ ဆန်များအား သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချနိုင်ရေး၊ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆန်စီးဝင်စီးထွက်အခြေအနေများ၊ ဝိသမလောဘဖြင့် ဆန်များအား သိုလှောင်ထားရှိမှုမရှိစေရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)