
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်သည့်စနစ် အသုံးပြုခြင်းအတွက် လစဉ်ကုန်ကျစရိတ်၊ ဝန်ဆောင်ခနှင့် စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးသို့ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ အထွေထွေဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကာ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ် (၁၅း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)