Main menu

မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အလက(၇)အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်း နှင့်ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အ.လ.က (၇)အခြေခံပညာအထက်တန်း‌ကျောင်း(ခွဲ)သို့ သွားရောက်၍ စားသုံးသူများလုံခြုံစိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များနှင့် ကုန်အညွှန်းအမှတ်အသား အ‌ကြောင်း၊ အစားအသောက်ရွှေးချယ်ရာတွင်လိုအပ်သော အချက်များအကြောင်း၊ မှိုအဆိပ်ကြောင့် စားသုံးသူများထိခိုက်မှုအကြောင်း၊ ခွင့်မပြုဆိုးဆေး များအသုံးပြု၍ အစားအသောက်များထုတ်လုပ်ရောင်းချမှု၊ အချိုမှုန့်၏ဆိုးကျိုးများအကြောင်း နှင့် တာရှည်ခံဆေးများကြောင့်ထိခိုက်မှု၊ အချိုရည်များအချိုလွန်သရေစာမုန့်များကြောင့် ကလေးငယ်များကိုထိခိုက်မှု၊ (Ready Made) အသင့်စားအစားစာများကြောင့် ထိခိုက်မှုအကြောင်းဟောပြောခဲ့ပြီး ထိခိုက်နစ်နာမှုရှိလာပါကတိုင်ကြားနိုင်ကြောင်း  တိုင်ကြားနိုင်သော ရုံးချုပ် Call center ၁၅၃၅ သို့ဖုန်း ဖြင့်ခေါ်ဆို၍ တိုင်ကြားနိုင်မှုပုံစံများအား မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)