
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံသည် ဇွန်လ(၁၃)ရက်နေ့ နံနက်၀(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့မီးသတ်စခန်းတွင် စားသုံးသူ အကာ အကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်အကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူ ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကမ္ဘာ့စားသုံသူအခွင့်အရေးများနေ့ ဖြစ်ပေါ်လာပုံ အကြောင်း၊ စားသုံးသူကာ ကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့ ၌ ပြဌာန်းခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း ၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် ၊ စားသုံးသူအခွင့်အရေး(၈)ချက် ၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်(၄)ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြား နိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း ၊ မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း ၊ မိမိတို့ဌာန Website ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း ၊ MPT ; mytel ; Telenor ; Oredoo ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင်ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်း နှင့် သိလိုသည်များကို စုံစမ်း မေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက်နှင့်ပတ်သက်ပြီး တပ်ဖွဲ့ဝင် မိသားစုများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာ ဌာန၏ ထောက်ခံ ချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျွန်းလှမြို့မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်မိသားစုများမှ မိသားစုဝင်(၂၅)ဉီးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ်(၂/၂၀၁၉)ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များ ပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)