
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ နံနက် ၈း၃၀နာရီအချိန် တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိ တ်ယာဥ်ရပ်နားစခန်းသို့မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၃၅) ပေပါကို ယာဥ် မောင်း ဦးသိန်းဆွေ၊ ယာဉ်အမှတ် 8J-5205/ Nissan မော်တော်ယာဉ်နှင့် အလားတူ (၉း၀၀) နာရီ အချိန်တွင် Myanmar Oil Alliance Co,Ltd မှ တင်ပို့ ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ်2I-7044/ Nissan မော်တော်ယာဉ်နှင့် အလားတူ (၁၀း၃၀)နာရီ အချိန်တွင် Kaung Hlyan New Asia Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈) ပေပါကို ယာဥ်မောင်း ဦးကျော်လွင်၊ ယာဉ်အမှတ်7F-3017/ Nissan မော်တော်ယာဉ် တို့ဖြင့် အသီး သီးတင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၂၀၃) ပေပါ အား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများ အား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)