Main menu

မှော်ဘီမြို့မဈေးစည်ပင်ရုံးခန်း၌ ဈေးသူ/ဈေးသားများအား အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲမှ ဝန်ထမ်းများသည် (၁၆.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ ဈေးသူ/ဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံး သူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ တွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများနစ်နာမှုများရှိပါက တိုင်ကြားနိုင် သည့်နည်းလမ်းများအကြောင်း၊ Consumer Call Center 1535 သို့ သိလိုသည်များ မေးမြန်းနိုင် ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ (၁၂)ဉီးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ရန်ကုန်)