Main menu

မြို့ရွာသန့်ရှင်းသာယာဖို့ စုပေါင်းသန့်ရှင်းရေးလုပ်ကြစို့

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦး၊ ဒေါ်စမ်းစမ်းမြင့် ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် ၁၄-၆-၂၀၂၅ ရက်နေ့ နံနက် (၀၆:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဝန်းအတွင်းတွင်  တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့်အတူ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

   ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် သစ်ပင်ချုံနွယ်များခုတ်လှဲခြင်း၊ မြက်ပင်များကို မြက်ရိတ်စက် ဖြင့်ဖြတ်ခြင်း၊ မြက်ပင်များနုတ်ခြင်း၊ အမှိုက်သရိုက်များ လှဲကျင်းစွန့်ပစ်ခြင်းတို့ဖြင့် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဝန်း အတွင်း / အပြင်တို့တွင် သန့်ရှင်းရေးရှင်းလင်းဆောင်ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသူ စုစုပေါင်း အင်အား (၁၅၀)ခန့်ကိုကြည့်ရှု့ အားပေးစကားပြောကြားခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် ကရင်ပြည်နယ်တွင်း ပြည်နယ်အစိုးရအဖွဲ့မှဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်အတူ အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ ဘုရားစေတီများနှင့် ရပ်ကွက်များတွင် အပတ်စဉ် စနေနေ့တိုင်း ဒေသအကျိုးပြု သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

DOCA (ကရင်)