Main menu

ကော့သောင်းမြို့နယ်ရှိ ဆေးဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၁၂.၆.၂၀၂၅ ရက်နေ့ နေ့လယ်  ၁၄:၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် စား သုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ‌ဒေါ်မြသီတာ (ဦးစီးအရာရှိ) သည်၊  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကော့သောင်း မြို့နယ်အတွင်းရှိ ဆေးဆိုင် (၄)ဆိုင်များတွင် ရောင်းချနေသော ဆေးဝါးအမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချနေသာ ဆေးဝါးအမျိုးမျိူးအား အရောင်း ဆိုင်များတွင်   အိမ်သုံးဆေးဝါးများပြတ်လပ်မှု ရှိ မရှိ၊  စျေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ မရှိ၊  စျေးကစားရန် ရည်ရွယ်ချက်ဖြင့်  သိုလှောင်ထားရှိမှု ရှိ မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ မရှိ၊ FDA ဌာန၏ ထောက်ခံချက် မရှိသော ဆေးဝါးများရောင်းချခြင်း ရှိ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)