Main menu

ကော့သောင်းမြို့နယ်ရှိ လက်လီစားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေကြီး ကော့သောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ဦးစီးမှူး ‌ဒေါ်မြသီတာ(ဦးစီးအရာရှိ)၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ စားအုန်းဆီ ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား စျေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်းဖြင့်ရောင်းချနေစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းအပေါ် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ အလေးချိန်ပြည့်မီစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)