
၂၀၂၅ ခုနှစ် ၊ ဇွန်လ ၁၆ ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်နှင့်နေ့လယ် (၁၃း၀၀)နာရီအချိန်တို့တွင် ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အွန်လိုင်း မှတ်ပုံတင်စနစ်နှင့်စပ်လျဥ်း၍ အွန်လိုင်းစနစ်ဖြင့် အဝတ်အထည်နှင့် တိရစ္ဆာန်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်းရှင်နှင့် လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်းရှင်များအား အွန်လိုင်းမှတ် ပုံတင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်များနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားရန်နှင့် လျှောက်ထားရာတွင် ကြိုတင်ပြင်ဆင်ထားရှိရမည့် အထောက်အထားများ၊ အခြေခံလိုအပ်ချက်များ၊ လျှောက်ထားခြင်း ပုံစံအဆင့်ဆင့်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)