Main menu

ပြည်မြန်မာစိုး စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ (၁)ဦး၊ တိုင်းဒေသကြီး ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦးတို့သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၄) ရက်နေ့ တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ ပြည်မြန်မာစိုး စက်သုံးဆီအရာင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးက စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြုးသည့် လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပြောကြားခဲ့ပြီး တရားမဝင်သွင်း ကုန် စက်သုံးဆီ၊ ချောဆီများအား တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးဖွဲ့ စစ်ဆေးဖော်ထုတ်အရေးယူနေကြောင်း၊ စက်သုံးဆီသယ် ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်း၊ မြို့နယ်အလိုက် စက်သုံးဆီအရောင်းဆိုင် အရေအတွက်နှင့်  လက္ကားဝယ်ယူသည့် ကုမ္ပဏီစာရင်းများ ကောက်ယူနေကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများအား တင်သွင်း ဖြန့်ဖြူးရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ စက်သုံးဆီများကို ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေး ရေးဦးစီးဌာနက နေ့စဉ်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုရန်နှင့် ညွှန်ကြားချက်များအတိုင်း ရောင်းချကြရန် ပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)