Main menu

ဓနုဖြူမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေ ထည့်သွင်းခြင်း ကျင်းပ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက်မြေခံ ထည့်သွင်းပွဲကို ၁၁-၆-၂၀၂၅ ရက်နေ့က ရေလဲကလေးကျေးရွာတွင် ကျင်းပခဲ့ကြသည်။

      အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထွန်ယက်ထည့်သွင်းပွဲကို ရေလဲကလေးကျေးရွာရှိ တောင်သူဦးအေးနိုင် ကွင်းအမှတ် ၁၇၅ ဦးပိုင် ၄၀/၂ ဧရိယာ ၆ ဒသမ ၂၅ ဧကတွင် ကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊၊ မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် မဖွဲ့ဝင်များ ဓနုမြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဌာနတာဝန်ရှိသူများ၊ ဒေသခံတောင်သူများတက်ရောက်ကြပြီးတောင်သူ ဦးအေးနိုင်၏လယ်ယာမြေတွင်ကြဲပတ်စိုက်ပျိုးထားသော သစ်စိမ်းမြေ၏ဇာ (ပိုက်ဆံလျှော်ပင်များကို) ထယ်ထိုးမြေမြှပ် ထည့်သွင်း သရုပ်ပြမှုကို ကြည့်ရှုခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှလည်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး ဒေသစိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး စိုက်ပျိုးမှု အကျိုးအမြတ် ဖြစ်ထွန်းရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)