
ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး၊ ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို (၁၃-၆-၂၀၂၅) ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ဈေးဆိုင်များနှင့် ကျောင်းဈေး မုန့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့်ဝန်ထမ်းများ၊ FDA, စားသုံသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့ဦးဆောင်သော ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နှင့် ပါဝင်သော စုပေါင်းအဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၊ ဈေးဆိုင်များနှင့် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ ရောင်းချခြင်းမရှိစေရေး၊ ကုန်မျိုးစုံ မုန့်ဆိုင်များအား ကုန်အညွှန်းအမှတ် အသားများပြည့်စုံမှု ရှိ/မရှိ၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့သည်။ ထို့ပြင် တရားမဝင်တင်သွင်းပြီး Online ပေါ်တွင်ရောင်းချနေသော ဆေးဝါးများအား ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန် မုန့်နှင့်ဆေးဝါးများ ရောင်းချမှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှု မရှိသော ပစ္စည်းများ မရောင်းချရန်တို့ကို ဆိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)