Main menu

New Day စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

          စာသုံးသူရေးရာဦးစီးဌာန၊ ဒုတိုင်းဒေသကြီးဦးစီးမှူးနှင့် မုံရွာခရိုင်ဦးစီးမှူးတို့သည် (၂၀.၇.၂၀၂၂ ) ရက် နေ့လယ်(၁၃)နာရီတွင် မုံရွာမြို့နယ်၊ ပိတောက်ကုန်းရပ်ကွက်ရှိ New Day စက်သုံးဆီ အရောင်းဆိုင်သို့သွားရောက်၍ မန်နေဂျာနှင့်တွေ့ဆုံ၍ စက်သုံးဆီရောင်းချမှုအခြေအနေများကို  ဆွေးနွေး မေးမြန်းခဲ့ကြပါသည်။  

         ထိုသို့တွေ့ဆုံရာတွင် ဒုတိုင်းဒေသကြီးဦးစီးမှူးက လုပ်ငန်းရှင်အား စက်သုံးဆီများရောင်းချရာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်း လက်လီဈေးနှုန်းများအတိုင်း ရောင်းချပေးသွားရန် လိုအပ်ကြောင်း ၊ရည်ညွှန်းဈေးထက် ပို‌ရောင်းပါက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဥပဒေအရ အရေးယူနိုင်ကြောင်း၊ အလေးချိန်အချင်အတွယ်ကိုလည်း မှန်မှန်ကန်ကန် ရောင်းချ‌ရမည်ဖြစ်ပါကြောင်းနှင့်  ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)