Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် Online Sale ရောင်းချသူများအား စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများသည် (၁၅.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ငပုတော မြို့နယ်တာဝန်ခံရုံး၌ Online Sale မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော အကြောင်းအရာများ နှင့် စားသုံးသူအသိပညာပေး ဟောပြောခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ငပုတောမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး Online Sale မှတ်ပုံတင်ရာတွင် သတ်မှတ်ထားသော အမျိုးအစား များအလိုက် ရွေးချယ်၍လျှောက်ထားရန် လိုအပ်သောအချက်အလက်များနှင့် အထောက်အထား များကိုလည်းကြိုတင်ပြင်ဆင်ထားပြီး မှတ်ပုံတင်ရာတွင် ကျသင့်ငွေပေးချေခြင်းကိုလည်း အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံ နည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ် တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ Online Sale ရောင်းချသူဆိုင်ပိုင်ရှင် စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)