Main menu

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု   ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးအဖွဲ့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၅.၆.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင်  ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ယခင်ထက်(၅) ရာခိုင်နှုန်းခန့်သာ ဈေးနှုန်းများအနည်းငယ်မြင့်တက်ကြောင်းနှင့် ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲမိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)