Main menu

 ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၈.၇.၂၀၂၂) ရက်နေ့တွင် ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့်  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင်   စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသား/ သူများ  တက်ရောက်ခဲ့ကြပါသည်။

             ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ပေါ်ပေါက်လာရခြင်းအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့၏ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့် လုပ်ဆောင်ချက်များ ကွဲပြားပုံအကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရွေးချယ်အသုံးပြုလိုက်သော ကုန်စည်ကြောင့်ဖြစ်စေ၊ ဝန်ဆောင်မှု ကြောင့်ဖြစ်စေ ထိခိုက်နစ်နာမှုများရှိပါက မိမိတို့၏ စားသုံးသူအခွင့်အရေးကို အဆုံးရှုံးမခံဘဲ တိုင်ကြားကြစေလိုကြောင်း၊ ပြည်သူအားလုံးကိုတိုင်ကြားသည့်အလေ့အကျင့်များရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ဘက်မှလည်း လိုက်နာရမည့် တာဝန်များကို လိုက်နာကြရန် လိုအပ်ကြောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများကြောင့် တိုင်ကြား  လာသော ကိစ္စရပ်များအား ဌာနမှညှိနှိုင်းပေးသဖြင့် အဆင်ပြေသွားသည့် အမှုကိစ္စများ များစွာရှိပါကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်၍ စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခြင်းနှင့် ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ ကုန်စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရသည်များကို  ရှင်းလင်းဆွေးနွေးခဲ့ရာ  ဝန်ထမ်းများနှင့် သင်တန်းသား/ သူများမှ စိတ်ပါ ဝင်စားစွာဖြင့်သိရှိလိုသည်များကိုမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းနှင့် လက်ကမ်းစာစောင်များ  ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)