Main menu

ချောင်းဆုံမြို့နယ်၊ ကညှော်အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ငြိမ်းမြတ်ကျော် နှင့် ဝန်ထမ်းများသည် ၂၂.၇.၂၀၂၂ ရက်နေ့တွင် ချောင်းဆုံမြို့နယ်၊ ကညှော်အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စားသုံးသူရေးရာ အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်ကြည်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေမှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံနှင့် ဥပဒေတွင် ပါဝင်သော စားသုံးသူ အဓိပ္ပါယ်နှင့် စားသုံးသူ အခွင့်အရေး (၈) ချက်၊ စားသုံးသူ၏ တာဝန် (၄) ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာလျှင် စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်၊ Call Center ဖုန်းနံပါတ်၊ Mobile Application၊ Facebook Page၊ www.doca.gov.mm website တို့သို့ တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) မှလည်း စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများကို လက်ခံဖြေရှင်းပေးလျက်ရှိကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ကြောင်း စသည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့မှုအား ပြန်လည် ဖြေကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၇၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)