Main menu

ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်များတွင် ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ကုန်မျိုးစုံဆိုင်များ၊ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် မလေးရှားနိုင်ငံ MLM Gano Trading Company သည် Gano Excel Induxtries SDN. BHD မှ အစားအသောက်၊ လူသုံးကုန်၊ ဖြည့်စွက်ဓါတ်စာများကို တစ်ဦးတည်းပိုင် ကိုယ်စားလှယ်အဖြစ် မှတ်ပုံတင်ထားပြီး တရားဝင်တင်သွင်းရောင်းချလျက်ရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်လည်း ကိုက်ညီမှုရှိပါကြောင်းနှင့် ယခုအခါ ဈေးကွက်အတွင်း Gano အမှတ်တံဆိပ်ပါ အမည်တူဖြင့် တရားမဝင်ထုတ်ကုန်များ ကော်ဖီ ( 3 in 1 )၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစာများ ရောင်းချခြင်း ရှိ/ မရှိ သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          အရောင်းဆိုင်များအနေဖြင့် Gano အမှတ်တံဆိပ်သည် တရားဝင်တင်သွင်းရောင်းချသော ကုန်စည်ဖြစ်သည့်အတွက် ဈေးနှုန်းမှာ အခြားအစားအသောက်၊ လူသုံးကုန်နှင့် ဖြည့်စွက်ဓါတ်စာများထက် ဈေးနှုန်းအနည်ငယ်ကြီးမြင့်သည့်အတွက် စားသုံးသူများအနေဖြင့် မှာယူသည့်အခါမှသာ တိုက်ရိုက်ချိတ်ဆက်ပေးပါကြောင်းနှင့် ဆိုင်များတွင် တင်၍ ရောင်းချခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)