Main menu

မြိတ်မြို့သို့ ရောက်ရှိလာသောဆန်လှေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့ဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၇)ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာသော MV - Soe Wannar ဆန်ရေယာဉ်(လှေ) အား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     အဆိုပါ ရေယာဉ်အား ကွင်းဆင်းစစ်ဆေးရာတွင် ဆန်အိတ်(၈၀၀၀)၊ တန်(၄၀၀)ပါရှိပြီး ရေယာဉ်အလုပ်သမားများနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)