Main menu

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေး(၅၀)ဦးအား  စားသုံးသူကာကွယ်ရေးနှင့် မွေးမြူရေးအသိပညာပေး ဟောပြောပွဲကို ၁၆-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

    အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီး ကြပ်ရေးမှူး မှ ကျွဲ၊ နွားများတွင်ကျရောက်တတ် သောရောဂါများ၊ ကျွဲ၊ နွား ခွာနာ လျှာနာ၏ ရောဂါလက္ခဏာများနှင့် မည်သို့ကြိုတင်ကာကွယ်ကြရမည့် အချက်များကိုရှင်းလင်း ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အသေးစိတ်ရှင်းလင်းခဲ့ပြီး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ညောင်တုန်းမြိုနယ်အတွင်းရှိကျေးရွာအုပ်စု(၄၄)အုပ်စုရှိအိမ်ထောင်စု(၄၈၉၄၃)အားစားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့်၂၀၂၅ခုနှစ် ဇွန်လမှစတင်၍ရောင်းချမည့်အစီအစဉ်အားမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ၊မြိုနယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲနှင့် ကျေးရွာအုပ်ချုပ်ရေးများအား ရှင်းလင်းဆွေးနွေးခြင်းအသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ကြက်ခြေနီ အဖွဲ့ဝင် က ကြက်ခြေနီ အသင်း၏ လုပ်ငန်းဆောင်ရွက် ချက်များနှင့်      ခွေးရူးကိုက်ခံ ရလျှင် ရောဂါဖြစ်မှုကို ကာကွယ်ရန်အတွက် ရှေးဦးသူနာပြုစုပုံ အဆင့်ဆင့်နှင့် မိုင်းအန္တရာယ် ကာကွယ် ရန်အတွက် ကိုင်တွယ်ပုံနည်းလမ်း အဆင့်ဆင့်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)