Main menu

လျှပ်စစ်ပစ္စည်းဆိုင်များ၌ TVများတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ အားကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ လမ်းညွှန်ချက်အရ TVနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/မရှိအား မအူပင်မြို့နယ် TVနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက  (၁၅-၆-၂၀၂၅) )ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

    ထိုသို့ စစ်ဆေးခဲ့ရာတွင် မအူပင်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်များဖြစ်သော မျိုးမြင့် လျှပ်စစ်ပစ္စည်းဆိုင်၊ ဓူဝံလျှပ်စစ်ပစ္စည်းဆိုင်၊ များတွင် ရောင်းချလျှက်ရှိသော TVနှင့် အခြားလျှပ်စစ်ပစ္စည်း များတွင် ကုန်အညွှန်းအမှတ် အသားများ  မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြခြင်းများအား စစ်ဆေးခဲ့ပြီး ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)မျိုးတွင် ပါဝင်သော အီလက်ထရောနစ်ပစ္စည်း အမျိုးမျိုးတွင် မြန်မာ ဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသား များအား ဆိုင်ရှင်များအား ရှင်းလင်းခဲ့ပြီး ပါဝင်ရမည့်အချက်အလက်များ ပြည့်စုံသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချပေးခြင်းဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် လုပ်ငန်းရှင်များက စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)