Main menu

ဟင်္သာတမြို့နယ်တာဝန်ခံမှ တလုတ္ထော်မြို့တွင် မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးမှု အခမ်းအနားတက်ရောက်

Powered by Drupal

  ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ တောင်သူ ဦးညွှန်ဝင်းလှိုင်၏ လယ်မြေ(၂)ဧကတွင် မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးမှု အခမ်းအနား ကို ခရိုင်စိုက်တိုးမြှင့်ဥက္ကဌ ဦးလှိုင်ထွန်း၊  ခရိုင်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာန နှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့နယ်တာဝန်ခံတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါအခမ်းအနားတွင် တောင်သူ ဦးညွှန့်ဝင်းလှိုင်၏ လယ်မြေဧရိယာ( ၂ ဧက )တွင် (ဆားဖိုသာ-၁)စပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှု့အားပေး ခဲ့ကြပြီး၊ ထိုသို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည် လယ်ယာလုပ်သားရှားပါးမှုနှုင့် ကောက်စိုက် စရိတ် ကုန်ကျမှု သက်သာစွာဖြင့် အချိန်တိုအတွင်းစိုက်ပျိုးပြီးစီးနိုင်ကြောင်း၊ ကြဲခင်းစိုက်ပျိုးမှုထက် မျိုးစေ့နှုန်းထား လျော့ချနိုင်ပြီး၊ အပင်မြစ် ကြီးထွားဖွံ့ဖြိုးမှုမြန်ဆန်စေပြီး ပျိုးထောင်စိုက်ပျိုးမှု အထွက်နှုန်း သိသာစွာ ကွဲပြားမှုမရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ချပြ ရှင်းလင်းဆောင်ရွက် နေမှုတို့ အား ဌာနဆိုင်ရာများမှ ကြည့်ရှုအားပေး၍ လိုအပ်သည် များအားဖြည့်စွက် ဆောင်ရွက်ပေးခဲ့ ကြပြီး နေ့လည်(၁၂:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)