Main menu

လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ Sprite အမှတ်တံဆိပ် အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍(၁၆.၆.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)အချိန်တွင် လေးမျက်နှာမြို့ပေါ်ရပ်ကွက်ရှိ ကုန်မျိုးစုံ အရောင်းဆိုင်နှင့် စတိုးဆိုင်များတွင် ရောင်းချသော Sprite အမှတ်တံဆိပ် အချိုရည်အမျိုးမျိုး အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊  Sprite အချိုရည်ဘူးပေါ်တွင် ကုန်စည်၏အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်းများအား မြန်မာဘာသာဖြင့် ဖော်ပြရန်နှင့်  ကုန်စည်များပေါ်တွင် ကုန်စည် အမျိုးအစား ကိုလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ CCPBM အမှတ်တံဆိပ် နှင့် ပုံစံတူအစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုတ်ပိုးထားသည့် Sprite အချိုရည်ဘူးများ ရောင်းချမှုမရှိကြောင်း၊ ဈေးကွက်အတွင်း‌ရောင်းချလျက်ရှိသော အချိုရည် အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး၊ FDA ထောက်ခံချက်ရရှိ ထားသော ကုန်စည်များကိုသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)