စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်ပေါ်ရှိ စားအုန်းဆီလက်လီ/လက္ကားရောင်းချနေသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများအား ဖြန့်ဖြူး သယ်ယူပို့ဆောင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ပါသည်။
လုပ်ငန်းရှင်များနှင့်ဆွေးနွေးရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများသုံးစွဲနိုင်ရေး၊ စားသုံးဆီများ အရည်အသွေးပြည့်မီရေး၊ စျေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ပြည်ပမှစားအုန်းဆီများ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို စားသုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကော်မတီမှ ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ရည်ညွှန်းစျေးနှုန်းများကိုလည်း ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှ စတင်၍ စားအုန်းဆီများ ဖြန့်ဖြူးသယ်ဆောင်ရာတွင် ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီ သိုလှောင်ကန်များမှ ဆီများကို လာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့် အဝါရောင်ပီပါအသစ် (သို့မဟုတ်) သန့်စင်ဆေးကြောပြီး အဝါရောင်ပီပါများဖြင့်သာ ထုတ်ယူခွင့် ပြုသွားမည်ဖြစ်ကြောင်းနှင့် စျေးကွက်အတွင်း ဖြန့်ဖြူးရာ၌ ဓါတုဗေဒပစ္စည်းများထည့်သွင်း အသုံးပြုထားသည့် ပီပါများတွင်ထည့်သွင်းအသုံးမပြုရန်၊ အစားအစာအရည် အသွေးသတ်မှတ်ချက်နှင့် ကိုက်ညီသော ပီပါအသစ်၊ သန့်စင်ပြီးသောပေပါများ၊ Consumer Pack များကို အသုံးပြုရန်နှင့် စျေးကွက်အတွင်း ဖြန့်ဖြူးမည့် ထုတ်ပိုးပစ္စည်းများပေါ်တွင် “စားသုံးဆီများတင်သွင်း၊ သို လှောင်၊ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ” ထံမှ ခွင့်ပြုချက်ရရှိပြီးသည့် သက်ဆိုင်ရာ ကုမ္ပဏီ၏ Cap Seal များ ဖြင့် ချိတ်ပိတ်၍ ကုန်အမှတ်တံဆိပ် (Lago) များ ကပ်နှိပ်ပေးသွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေး ခဲ့ပါသည်၊၊
DOCA(မန္တလေး)