Main menu

ရွှေတောင်မြို့နယ်(အ.မ.က)ဖိုးခေါင်ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်

Powered by Drupal

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ဖိုးခေါင်ရွာရှိ (အ.မ.က)ဖိုးခေါင်ကျောင်းတွင် (၁၃.၆.၂၀၂၅)ရက်နေ့ နံနက် (၉:၀၀)နာရီမှ (၁၁:၀၀)နာရီ အထိစားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့်တိုင်းရင်ဆေးပညာဦးစီးဌာနတို့မှ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသားကျောင်းသူပေါင်း (၁၂၂)ဦး တက်ရောက်ခဲ့ပါသည်။ စားသုံးသူအသိပညာ ပေးဟော ပြောပွဲတွင် ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာချောစုကြည် (ဒု-ဦးစီးမှူး)မှ ကုန်အညွှန်း အမှတ်အသား(၈)ချက်နှင့် စားသောက်ရန်မသင့်သော အစားအစာများအကြောင်းကိုလည်းကောင်း၊ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မူးယစ်ဆေးဝါးများအကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရာဂါအကြောင်းများကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)