စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၂၆) ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ လာဘ်မီးအိမ် စားသောက်ဆိုင်၌ စက်သုံးဆီဖွင့်လှစ်ရောင်းချနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ စက်သုံးဆီ လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီနှင့်စပ်လျဉ်း၍ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု မရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများ ကိုလည်း သတိပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်း များကြီးကြပ်ရေးကော်မတီမှ သတ်မှတ်ထားသော စံချိန်စံညွှန်းအရည်အသွေးနှင့် အချိန်အ တွယ်ပြည့်မီမှန်ကန်မှုရှိရန်လည်း လိုအပ်ပါကြောင်း၊ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချ ကြရန်လိုကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့ အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးရန်နှင့် စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများက ထုတ် ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာသွားရန်လိုကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို အသီးသီးပြန်လည် ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)