Main menu

မောင်တောမြို့ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ဇူလိုင်လ(၂၆)ရက် နံနက်(၁၁:၀၀)အချိန်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်ရှိ အမှတ်(၆)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် တက်ရောက်လာသော ကျောင်းသား/သူ (၅၀)ဦးအား မောင်တောမြို့နယ်တာဝန်ခံရုံးမှ ဦးလှကျော်သန်း (ဒု-ဦးစီးမှူး)က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရေး အတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)