Main menu

ရောနှောဆန်များရောင်းချခြင်းရှိ/မရှိကို အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင်(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၁၆.၆.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီ အချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ရပ်ကွက်နှင့်ဈေးများရှိ ဆန်အရောင်းဆိုင် အချို့အား စိစစ်ခဲ့ရာ ဆန်ရောင်းချသည့် အမျိုးအစားများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထစသည့် ဆန်အမျိုးအစားများကိုသာ ရောင်းချလျက်ရှိပြီး အဆိုပါ ဆန်အမျိုးအစားများသည် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ဆန်စက်များ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီး များရှိ ဆန်စက်များမှကြိတ်ခွဲထွက်ရှိသော ဆန်များကို ရန်ကုန်မြို့၊ ဝါးတန်း ကုန်စည်ဒိုင် / ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှတစ်ဆင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်းဖြစ်ကြောင်း၊ တံဆိပ် အမှတ်အသားများဖြင့် ပြန်လည်ထုပ်ပိုးရောင်းချခြင်းဖြစ်ကြောင်းနှင့် ဆန်အမျိုးအစားများကို ရောနှောရောင်းချခြင်းမျိုး မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

     စစ်ဆေးတွေ့ရှိချက်များအရ ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချလျက်ရှိသည့်အတွက် သက်ဆိုင်ရာဌာနများမှလည်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ဝိုင်းဝန်းကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တက်ခြင်း၊ ဆန်ပြတ်လပ်မှု မရှိ ပုံမှန်ဈေးကွက်အတွင်း၌သာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါသည်။

DOCA (ရန်ကုန်)