ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးဌာနတို့ ပူးပေါင်း၍ ၂၆-၇-၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ Talk Show ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ကော့ကရိတ်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးသက်လွင်က ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချမှုရှိစေ ရန်” အတွက် ဌာနမှအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၃)အရ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်းနှင့် ကုန်စည်များပေါ်တွင် အဓိကပါဝင်ရမည် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်များစသည် ကုန်အညွှန်းအမှတ်အသားဆိုင်ရာဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဌာနသည် စားသုံးသူများလုံခြုံစိတ်ချရမူရှိစေရန်နှင့် စားသုံးသူအခွင့်အရေး အပြည်အဝရရှိစေရန်အတွက် အသိပညာပေးဟောပြောခြင်း၊ စစ်ဆေးခြင်း ၊ ကုန်အညွှန်းအမှတ်အသား လျှောက်ထားမူများ စစ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူနစ်နာမူများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမူလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးဖွင့်လှစ်၍ စားသုံးသူကာကွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ပြန်ကြားရေးဦးစီးဌန နှင့်ပူးပေါင်း၍ Online Talk Show ပြုလုပ်၍ စားသုံးသူအသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ကရင်)