Main menu

 မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ Mistine အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခြင်း

Powered by Drupal

          ထိုင်းနိုင်ငံရှိ Better Way (Thailand) Co,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများကို Thiri Cosmetic Co,Ltd သည် မြန်မာနိုင်ငံ၏ တစ်ဦးတည်းကိုယ်စားလှယ် အဖြစ် FDA ထောက်ခံချက်များဖြင့် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်၍ ဈေးကွက်အတွင်းသို့ တရားဝင်ဖြန့်ဖြူးရောင်းချလျှက်ရှိပါကြောင်း၊ ကုမ္ပဏီအနေဖြင့်  ယခုအခါ ဈေးကွက်တွင် Mistine အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင် ဖြန့်ဖြူးရောင်းချနေသည့် ပစ္စည်းများ တွေ့ရှိရကြောင်း၊ ထိုသို့ တရားမဝင်ရောင်းချနေသည့် ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာLabelling ကပ်နှိပ်ထားခြင်းမရှိသည့်အတွက် လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြလာပါသည်။

             စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  အဆိုပါကိစ္စနှင့်ပတ်သက်၍ ဈေးကွက်အတွင်းရောင်းချနေသည့် Mistine အလှကုန်ပစ္စည်းများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်း ရှိ/ မရှိ၊ FDA ထောက်ခံချက်များဖြင့် ဖြန့်ဖြူး ရောင်းချနေခြင်း ဟုတ်/မဟုတ် စိစစ်၍ ပြန်လည်တင်ပြရန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြား လာမှုကြောင့် မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးတို့သည့် မိတ်ဖက်ဌာနဖြစ်သော တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးနှင့်အတူ မုံရွာမြို့ပေါ်ရှိ အလှကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင် (၆) ဆိုင်သို့ သွားရောက်၍ စစ်ဆေးခဲ့ရာ Mistine အလှကုန်ပစ္စည်းများတွင် Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)