Main menu

တောင်ငူခရိုင်ဦးစီးမှူး ဆန်စက်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်အတွင်းရှိ ခေတ်မီဆန်စက်ကြီးများက The General Administration of Customs of the People’s Republic of China (GACC) သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် တွေ့ဆုံ ဆွေးနွေးခဲ့ပါ သည်။

     ခရိုင်ဦးစီးမှူးသည် နံနက် ၉ နာရီတွင် ဖြူးမြို့ရှိ Good Brother ဆန်စက်သို့ ရောက်ရှိရာ စက်ပိုင်ရှင် ဦးလူမော်ကလည်းကောင်း၊ နံနက် ၁၁ နာရီတွင် အုတ်တွင်း မြို့ ရွှေဖလားဆန်စက်သို့ ရောက်ရှိရာ စက်ပိုင်ရှင် ဦးထွန်းဇော်ဦးကလည်းကောင်း  စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံရှင်းလင်းပြသရာ ခရိုင်ဦးစီးမှူးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပါသည်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများတင်ပို့လိုသည့် ကုမ္ပဏီများ သည် အဆင့်မီဆန်စက်ကြီးများနှင့် စာချုပ်ချုပ်ဆိုပြီး The General Administration of Customs of the People’s Republic of China (GACC) မှတ်ပုံတင်လက်မှတ် လျှောက်ထားနိုင်ရေး ဆောင်ရွက်လျှက်ရှိရာ ဆန်စက်ကြီးများအနေဖြင့် ကုန်ကြမ်းနှင့်ကုန်ချော သိုလှောင်ရုံများ၊ စက်ရုံအတွင်း ကုန်ကြမ်းနှင့် ကုန်ချော ထားရှိမှုများ၊ လုပ်သားများ ကျန်းမာရေးနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးများကို Sanitary and Phytosanitary Protocol -  SPS Protocol ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုစေရန် ဆောင်ရွက်ထား ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထားဆောင်ရွက်ရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)