Main menu

မုဒုံမြို့နယ်၊ ကတုံးပေါ်ဆိပ်ကမ်းသို့ ဆီတင်သင်္ဘောရောက်ရှိ ဆိုက်ကပ်မှု

Powered by Drupal

      (၁၇.၆.၂၀၂၅) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ PORT KLANG ဆိပ်ကမ်းမှ ထွက်ခွာလာသော M/S WILHELMSEN PORT SERVICE(S) PTE LTD ကုမ္မဏီပိုင် M.T TS NINE အမည်ရှိ စက်သုံးဆီတင်သင်္ဘောသည် စက်သုံးဆီများ တင်ဆောင်ကာ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ ရာဇာမင်းရေနက်ဆိပ်ကမ်းရှိ စက်သုံးဆီများ သိုလှောင်ကန်အတွင်း သိုလှောင်ထားရှိရန် ဆိုက်ကပ်လာခဲ့ကြောင်း၊ အဆိုပါ စက်သုံးဆီတင် သင်္ဘောဆိုက်ကပ် လာရာသို့ ပြည်နယ်ရေကြောင်းရဲတပ်ဖွဲ့၊ မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်အကောက်ခွန် ဦးစီးဌာန၊ ပြည်နယ်ရေနံထွက်ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မုဒုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့ခွဲမှူး(မုဒုံ) တို့ပါဝင်သော ပူပေါင်းအဖွဲ့မှ စက်သုံးဆီများတင်ဆောင်လာသည့် ဆီတင်သင်္ဘောအား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (မွန်)