
၁၈.၆.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ မဟာကန်တော်ကြီး သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ ငါးမျိုးပြုန်းတီးမှုမှ ကာကွယ်၍ ငါးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် ငါးမျိုးများ ပွားများလာစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)