Main menu

ကျိုက်မရောမြို့နယ်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုး ရောင်းချသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ၁၈.၆.၂၀၂၅ ရက်နေ့၊ နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ် အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုး ရောင်းချသော ကုန်စုံဆိုင်(၆)ဆိုင်အား ကုန်အညွှန်းအမှတ် အသားနှင့် စပ်လျဉ်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ သွားတိုက်ဆေးအမျိုးမျိုး ရောင်းချသော ကုန်စုံဆိုင် (၆) ဆိုင်တို့သည် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြရန် သတ်မှတ်ထားသော အချက်အလက်များကို ပြည်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိ ရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် သွားတိုက်ဆေး အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)  ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)