Main menu

မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင်  ထားဝယ်မြို့၊ ကမြောကင်းတံတား အနီး၊ ထားဝယ်မြစ်အတွင်း  တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ကြီးမှူး ကျင်းပသည့်  မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါ သည်။

          အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့မှ ဦးဆောင်၍ မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိ မွန်မြတ်သောကုသိုလ်ပြုအရေးပေါ်(အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဒေသခံပြည်သူများ ပါဝင်၍ မုန်တိုင်းဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ သဘာဝဘေးနှင့် ပတ်သက်၍မဖြစ်ခင် ကြိုတင်ကာကွယ်သည့်နည်းလမ်းများ၊ ဖြစ်ပွား နေစဉ်ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာ/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပြီး မုန်တိုင်း ဘေးအန္တရာယ်တုံ့ပြန် ဆောင်ရွက် ရေးဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ဇာတ်တိုက် လေ့ကျင့် မှုများတွင် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းပါဝင်သူများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)