Main menu

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ကုန်မျိုးစုံနှင့် မုန့်မျိုးစုံအရောင်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၆.၇.၂၀၂၂) ရက်နေ့ နံနက်(၁၂:၀၀) နာရီအချိန်က အမှတ်(၂)ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကုန်မျိုးစုံဆိုင်နှင့် မုန့်မျိုးစုံဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေး မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံမှ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေအခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါပြစ်မှုပြစ် ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခု(သို့)တစ်ခုထက် ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန် လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)