Main menu

သွင်းကုန်လိုင်စင်လျှောက်ထားလာသည့် ကုမ္ပဏီအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့၊ ညနေ(၁၆း၂၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများသည် ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊ ရေနီလမ်း၊ အမှတ်(၈)ရှိ Diamond Apex International Trading Co.,Ltd. ၏ Princess ရေသန့်စက်ရုံအမည်ဖြင့် ရေသန့်များထုတ်လုပ်လျက်ရှိရာ လိုအပ်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင်လျှောက်ထားမှုနှင့်စပ်လျဥ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါမြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် Diamond Apex International Trading Co.,Ltd. ၏ Princess ရေသန့်စက်ရုံနှင့် ရေသန့်များထုတ်လုပ်ခြင်းများသည် မြေပြင်၌ စက်ရုံလည်ပတ်ခြင်းရှိ/မရှိ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ အမှန်တကယ်ကုန်ကြမ်းလိုအပ်ခြင်း ရှိ/မရှိတို့အား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)