ရက်စွဲ၊ ၂၇.၇.၂၀၂၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးဒေါ်သန်းသန်းတင်နှင့် ဝန်ထမ်း(၃)ဦးသည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ နေလ စတိုး၊ မြို့မ စတိုးနှင့် ခိုင်ဆွေသန်း စတိုး၊ ပန်းဘဲတန်းရပ်ကွက်ရှိ မြကျွန်းသာ စတိုးဆိုင်များသို့ ကွင်းဆင်း၍ Mistine အလှကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိနှင့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ကော်ဖီ ( 3 in 1)၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ဈေးကွက်အတွင်း တရားမဝင် တင်သွင်းရောင်းချနေမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Mistine အလှကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာ ထင်ရှားစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။ စစ်ကိုင်းမြို့တွင် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ် ကော်ဖီ(3 in 1) ၊ သွားတိုက်ဆေးနှင့် ဖြည့်စွက်အစားအစာများ ရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး စစ်ကိုင်းခရိုင်ဦးစီးမှူးက ဆိုင်ပိုင်ရှင်များအား တရားမဝင်တင်သွင်း ရောင်းချနေသည့် ထိုင်းနိုင်ငံထုတ် Gano အမှတ်တံဆိပ်ကို ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)