Main menu

စက်မှုဇုန်အတွင်းရှိ IBS ဆန်သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

  (၂၀.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၁၅)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် စားသုံးသူရေးရာဉီးစီးဌာနမှ ဒေါ်လဲ့လဲ့စိုးနှင့် ပူးပေါင်းအဖွဲ့ဝင် တို့သည်  အမှတ်(၁၁၈)၊ မက္ခရာမင်းသားကြီးမောင်ပျိုးလမ်း၊ စက်မှုဇုန်(၂)တွင် ရှိသော IBS ဆန် သိုလှောင်ရုံသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ စစ်ဆေးခဲ့ရာတွင် ဆန်သိုလှောင်ရုံပိုင်ရှင် ဉီးမြင့်စိုးမှ မိမိသည် ရက်(၉၀)ဆန် များသာ သိုလှောင်ထားပြီး နေရာဒေသအသီးသီးမှ ဝယ်ယူပြီးပြန်လည်ရောင်းချပါကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၏ သတ်မှတ်စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုရှိပါကြောင်း ဆန်ဈေးနှုန်းမှန်ကန်စွာ ဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)