စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇-၇-၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် မိတ္ထီလာမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော အရောင်းဆိုင် (၁၀) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စောင့်ကြည့်စစ်ဆေးရာတွင် အချိန်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ၊ ဆီများရောင်းချခြင်းမရှိပဲ ပိတ်ထားသော ဆိုင်များရှိ/မရှိ စစ်ဆေးခဲ့ပြီး မြို့နယ် တာဝန်ခံမှ အရည်အသွေးပြည့်မီမှန်ကန်သည့် ပစ္စည်းများစျေးကွက်းအတွင်း တင်သွင်းဖြန့်ဖြူး ရောင်းချရန်နှင့် စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး၊ သတ်မှတ်ချက်နှင့် မကိုက်ညီသည့် စက်သုံးဆီအရောင်းဆိုင်များ စျေးကွက်အတွင်း စစ်ဆေးတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှလည်း စက်သုံးဆီရောင်းချမှု အခြေအနေများကို ပြန်လည်တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(မန္တလေး)