Main menu

သွားတိုက်ဆေးဘူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း

Powered by Drupal

  (၂၃.၆.၂၀၂၅) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည် များတွင် တစ်မျိုးအပါအဝင်ဖြစ်သော သွားတိုက်ဆေးဘူးများအား ဈေးစည်ပင်သာယာရေး ကော်မတီ နှင့် ပူးပေါင်း၍ ပုဇွန်တောင်ဈေးအတွင်းရောင်းချသည့် သွားတိုက်ဆေးအမျိုးမျိုးအား စစ်ဆေး ဆောင်ရွက်ရန် ဆိုင်(၃)ဆိုင် ရှိ        ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံ စစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   စစ်ဆေးရာတွင် သွားတိုက်ဆေးအမှတ်တံဆိပ်အမျိုးမျိုးဖြစ်သော လေဆာ၊ ဆစ်ဂနယ်၊ COLGATE စသည့်တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များ ပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)