Main menu

ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့ နှင့် ပူးပေါင်းကာ (၂၄.၆.၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင်  ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ ကုန်စုံဆိုင်များအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

    ထိုသို့စစ်ဆေးရာတွင်  ယိုးဒယားငံပြာရည်အမျိုးမျိုး၊ အချိုရည်အမျိုးမျိုး၊ အသင့်စား ခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသား များ ပါရှိသည်ကို  စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန် အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ / မရှိ တို့ကို စစ်ဆေးခြင်း၊ စည်းကမ်း လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။

DOCA(ရန်ကုန်)