
(၂၃.၆.၂၀၂၅)ရက်နေ့ နေ့လည်(၂:၄၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဉီးလှစိုး၊ ခရိုင်ဉီးစီးမှူးပါ(၅)ဉီးတို့သည် မင်္ဂလာဒုံဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် Signal အမှတ်တံဆိပ်သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် မင်္ဂလာဒုံဈေးမှ ဈေးတာဝန်ခံ ဉီးစိုးချစ်ဉီးမှ ပူးပေါင်းပါဝင်လျက် ကုန်မျိုးစုံဆိုင်များဖြစ်သော မဟာနှင့်သူဇာစိုးဆိုင်များတွင် Signal သွားတိုက်ဆေး (၁၅၀)ဂရမ်များ တွင် ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အသားတင်ပမာဏနှင့် ဓါတ်မတည် ကြောင်းဖော်ပြချက်တို့ကို မြန်မာလိုပြည့်စုံစွာ ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိ ဌာနမှလည်း ဈေးကွက်အတွင်း Signal အမှတ်တံဆိပ်သွားတိုက်ဆေးအတုများ ရောင်းချနေကြောင်း သိရှိရသဖြင့် ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(ရန်ကုန်)