
(၂၄.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၃၅)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၃)ဉီးတို့သည် Popy စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းလေ့လာရာတွင် အမှတ်(၈၆/၉၃)၊ ဇေကမ္ဘာ (၇/၈)လမ်း၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Popy အမည်ဖြင့် ထုတ်လုပ်လျက်ရှိသော Potato Chips၊ Shrimp Chip Chicken nuggest၊ Fresh Fires၊ Golden Shell အရသာဖြင့် တစ်ရက်ထုတ်လုပ်ပါကင် (၁၂၀၀)ထုတ်လျက်ရှိပြီး တစ်လလျှင် ၃၆၀၀၀ ပါကင်ထုတ်လုပ်၍ မြန်မာနိုင်ငံအနှံ့အပြားပို့ဆောင်ရောင်းချလျက်ရှိကြောင်း၊ စက်ရုံတွင် လုပ်သားဉီးရေ ကျား(၂၀၇)ဉီး၊ မ (၁၈၉)ဉီး၊ စုစုပေါင်း(၃၆၉)ဉီးဖြင့် လည်ပတ်လျက်ရှိကြောင်း သိရှိရ ပါသည်။
DOCA (ရန်ကုန်)