
၂၃.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "Signal သွားတိုက်ဆေးအတု"များ ရောင်းချခြင်း ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို မြို့ပေါ်ရပ်ကွက် (၄)ခု၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် "Signal သွားတိုက်ဆေးအတု"များ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါ စျေးကွက် အတွင်း "Signal သွားတိုက်ဆေးအတု"များ ရောင်းချခြင်းမတွေ့ရှိရဘဲ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်ပါရှိသော "Signal သွားတိုက်ဆေး"အစစ်များသာ ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA (မွန်)